ကြောင်တွေဟာ သခင်တွေကို လူတွေလို့ မထင်ဘဲ၊ ဧရာမကြောင်ကြီးတွေလို့ ထင်မြင်ကြဟုဆို…..

အိမ်မွေးတိရစ္ဆာန်တွေထဲမှာ ကြောင်ကလေးတွေဟာ ခွေးပြီးရင် ဒုတိယ အမွေးမြူခံရဆုံး တိရစ္ဆာန်လေးတွေ ဖြစ်ပါတယ်။ ကြောင်ကလေးတွေဟာ စိတ်ရှည်သည်းခံပြီး ချစ်တတ်တဲ့ သခင်တွေရဲ့ အောက်မှာ မွေ့လျှော်ကြပါတယ်။

သူတို့တစ်တွေဟာ ဆိုးလည်း ဆိုးကြသလို၊ အပျင်းလည်း ကြီးကြပေမယ့် သခင်တွေကတော့ သူတို့ကို အချစ်မပြတ်ကြပါဘူး။

အခု ကျွမ်းကျင့်ပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ John Bradshaw ရဲ့ထုတ်ပြန်မှုမှာတော့ အလွန်ထူးခြားနေပါတယ်။ ကြောင်လေးတွေဟာ သခင်တွေကို လူတွေလို့၊ ဒါမှမဟုတ် သူတို့ကို မိဘရင်းနဲ့မခြား စောင့်ရှောက်နေသူတွေလို့ မမြင်ပါဘူးတဲ့။

Freepik/TTeims
ကြောင်ကလေးတွေဟာ သူတို့ရဲ့သခင်တွေကို “ဧရာမကြောင်ကြီးတွေ .. အလွန်ယဉ်ပါးတဲ့ ကြောင်ကြီးတွေ … အစားအသောက်တွေကို ခံစားရာမှာ အလွန်တော်တဲ့ကြောင်ကြီးတွေ”အဖြစ် မြင်ကြတယ်လို့ ဆိုပါတယ်။ Bradshaw ဟာ အင်္ဂလန်နိုင်ငံ၊ ဘရစ္စတိုးတက္ကသိုလ်မှ ဇီဝဗေဒပညာရှင်တစ်ဦး ဖြစ်ပါတယ်။

သူဟာ ကြောင်တွေအကြောင်း လေ့လာခဲ့တာ အနှစ်(၃၀) ကျော်ခဲ့ပါပြီ။ အထူးသဖြင့် ကြောင်တွေဟာ လူတွေအပေါ်ကို ဘယ်လို ပြုမူဆက်ဆံကြလဲဆိုတဲ့ သဘောသဘာဝကို

လေ့လာရင်းနဲ့ အမြင်သစ်တစ်ခု ရလာခဲ့တာပါ။ နောက်ဆုံး လေ့လာမှုမှာတော့ သခင်တွေက ပေးထားတဲ့အမည်တွေကို ကြောင်တွေဘက်က ဘယ်လို တုန့်ပြန်သလဲဆိုတာပါ။

ကြောင်တွေဟာ သူတို့အမည်နဲ့တူတဲ့ သံတူကြောင်းကွဲ စကားလုံးတွေကိုတောင် ခွဲခြားနိုင်စွမ်း ရှိကြတယ်လို့ ဆိုပါတယ်။ ဒီအချက်ကို တိုကျိုမြို့၊ Sophia University တက္ကသိုလ်မှ

ဇီဝဗေဒပညာရှင် Atsuko Saito ကလည်း ထောက်ခံခဲ့ပြီး၊ အမည်နဲ့သံတူကြောင်းကွဲတွေကို ခွဲခြားနိုင်တယ်ဆိုသော်လည်း မအံ့သြတဲ့ပုံစံနဲ့ နေနေတတ်တယ်လို့ ဆိုပါတယ်။

ဒေါက်တာ Bradshaw က Nature မဂ္ဂဇင်းနဲ့တွေ့ဆုံစဉ်မှာ “ ကြောင်တွေကလည်း ခွေးတွေလိုပဲ သင်ယူတတ်မြောက် လွယ်ကြပါတယ် … ဒါပေမယ့် သူတို့ ဘာတွေတတ်မြောက်ထားတယ်ဆိုတာကိုတော့ သခင်တွေကို ပြဖို့ အာရုံမစိုက်ကြပါဘူး … ”လို့ ပြောပါတယ်။

Instagram/Paws
သူရေးခဲ့တဲ့ “Cat Sense” စာအုပ်ထဲမှာတော့ ကြောင်တွေဟာ ပင်ကိုယ်က အရိုင်းစိတ်ဖြစ်ကြောင်း၊ ခွေးတွေလို မယဉ်ပါးလွယ်ကြပါဘူးတဲ့။ ဆိုလိုတာက နည်းနည်းလေး အနေကြာလာမှ သခင်ကို တွယ်တာရကောင်းမှန်း သိကြတယ်လို့ ဆိုပါတယ်။

ကြောင်တစ်ကောင် သခင်ကို ပွတ်သက်ကျီဆယ်တဲ့အဓိပ္ပါယ်က ဒါဟာ နို့ရည်တွေဆီးစင်းနေတဲ့ မိခင်ရဲ့ဝမ်းဗိုက်နဲ့တူတယ်လို့ သဘောထားကြလေ့ရှိပါတယ်။ အမြီးကို အပေါ်တည့်တည့်ထောင်ခြင်း

အားဖြင့် သင့်ရဲ့လုပ်ရပ်ကို သဘောတူတယ်လို့ မှတ်ယူလို့ရပြီး၊ ဒါဟာ တစ်ခြားကြောင်တစ်ကောင်ကို သဘောကျချိန်မှာ ပြတဲ့အပြုအမူနဲ့ အတူတူုပါပဲတဲ့

ခြေထောက်တွေကို ပွတ်သပ်ပြီး ကလူကျီစယ်တာကလည်း ဒါဟာ တစ်ခြားကြောင်တစ်ကောင်ကို ချစ်ခင်နှစ်လိုလို့ ဆက်ဆံနေတဲ့သဘော သက်ရောက်ပါတယ်။ တကယ်လို့ ကိုယ့်မှာ ကြောင်တွေ မြောက်များစွာရှိနေရင် ဒီလိုဆက်ဆံမှုမျိုးကို မကြာခဏ မြင်ရပါလိမ့်မယ်လို့ ပြောပါတယ်။

ဒေါက်တာ Bradshaw က ကြောင်လေးတွေဟာ ရှဥ့်တွေ၊ ကြွက်တွေကို ကိုက်ချီလာပြီး တစ်ပိုင်းတစ သင့်ရှေ့ကို လာချပေးတာဟာ သင့်အတွက် လက်ဆောင်အဖြစ်မဟုတ်ဘဲ၊ သင့်ကို ကြောင်တစ်ကောင်လို သဘောထားတဲ့အတွက် သင်စားရအောင် ချပေးတဲ့သဘောလို့ ဆိုပါတယ်။

လင်းသူရိန်