သာမည ဆရာတော် ဘုရားကြီး ချီးမြှင့် ခဲ့သော ပုတီး စိပ်နည်း၊ မသိသူ ကျော်သွား သိသူယူထား”…..

..သာမညဆရာတော် ဘုရားကြီး ချီးမြှင့်ခဲ့သော အချိန်အခါ ရွေးနည်းတွင် နေ့တစ်နေ့ ကို အချိန် အပိုင်းအခြားအလိုက် ကောင်းသောအချိန်နှင့် မကောင်းသောအချိန် အကြမ်းဖျင်း

ခွဲခြားထားပါသည်။ ငွေကြေးဓနနှင့် ဆိုင်သော စန်းနက္ခတ်တို့ ဖြစ်ထွန်းအားကောင်းသော မုဆိုးရွှေအိုး ရကိန်း အချိန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

တနင်္ဂနွေနေ့ တွင် နံနက် ၁၀ နာရီ ၄၉ မိနစ်မှ နေ့လည် ၁ နာရီ ၁၂ မိနစ်အတွင်း

တနင်္လာနေ့တွင် နေ့လည် ၁ နာရီ ၁၃ မိနစ်မှ ညနေ ၃နာရီ ၃၆မိနစ် အတွင်း

အင်္ဂါနေ့တွင် ညနေ ၃ နာရီ ၃၇ မိနစ် မှ ညနေ ၆ နာရီအတွင်း

ဗုဒ္ဓဟူးနေ့ တွင် နံနက် ၆ နာရီမှ နံနက် ၈ နာရီ ၂၄မိနစ်အတွင်း

ကြာသာပတေးနေ့တွင် နံနက် ၈ နာရီ ၂၅မိနစ်မှ နံနက် ၁၀နာရီ ၄၈မိနစ်အတွင်း

သောကြာနေ့တွင် နံနက် ၁၀ နာရီ ၄၉ မိနစ် မှ နေ့လည် ၁နာရီ ၁၂မိနစ်အတွင်း

စနေနေ့တွင် နေ့လည် ၁နာရီ ၁၃မိနစ်မှ ညနေ ၃နာရီ ၃၆မိနစ်အတွင်း

စိပ်ရမည့် ဂါထာ – ဉုံ အရဟံ လာဘံ သိဒ္ဓိ ဂါထာကို မုဆိုးရွှေအိုးရကိန်း အချိန်များအတွင်း ၁၀၈လုံး ပုတီးဖြင့် ၃ ပတ် စိပ်ပါ။ ခုနှစ်ရက် ပြည့်အောင် စိပ်ပါ။

ငွေကြေးနှင့် ပတ်သက်၍ လာဘ်ပိတ်သူကို လာဘ်ပွင့်စေသည်။ အလုပ်အကိုင် အဆင်ပြေစေသည်။ ဈေးရောင်းဈေးဝယ်၍ ကောင်း စေသည်။ အလုပ်အတွင်း အတိုက်အခံ အနှောက်အယှက် ကင်းစေသည်။ ရာထူးတိုးတက်စေသည်။ မိမိအလိုရှိရာ ဆုတောင်း၍ ပုတီးစိပ်နိုင်ပါသည်။

Credit – Original Poster

Via- Wunyan

unicode

သာမည ဆရာတော် ဘုရားကြီး ချီးမြှင့် ခဲ့သော ပုတီး စိပ်နည်း၊ မသိသူ ကျော်သွား သိသူယူထား”

သာမညဆရာတော် ဘုရားကြီး ချီးမြှင့်ခဲ့သော အချိန်အခါ ရွေးနည်းတွင် နေ့တစ်နေ့ ကို အချိန် အပိုင်းအခြားအလိုက် ကောင်းသောအချိန်နှင့် မကောင်းသောအချိန် အကြမ်းဖျင်း