မပြောပလောက်တဲ့ သေးသေးမွှားမွှားကိစ္စလေးတွေကအစ ပရိသတ်တွေနဲ့ စီနီယာအနုပညာရှင်တွေအပေါ် အလေးထားတဲ့ ပိုင်တံခွန်..
unicode
မင်းသားချော ပိုင်တံခွန်က လတ်တလောမှာ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကိုကိုတစ်ဦးအဖြစ် ရေပန်းစားနေတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က မိန်းကလေးတွေကြွေချင်လောက်စရာ ရုပ်ရှည်ကို ပိုင်ဆိုင်ထားရုံသာမက သူတစ်ပါးအပေါ် ရိုကျိုးပြီး ကိုယ့်ကိုကိုယ်နှိမ့်ချတတ်တာကြောင့် လူကြီး လူငယ်ပရိသတ်မရွေး ကြိုက်နှစ်သက်အားပေးကြတာကို တွေ့ရပါတယ်။ ။ ပိုင်တံခွန်ကလည်း အောင်မြင်လာတာနဲ့အမျှ အနုပညာလုပ်ငန်းတွေကို အရင်ကထက်ပိုပြီး လုပ်ကိုင်လာတာကို တွေ့ရပါတယ်။
အောင်မြင်မှုတွေအများအပြားပိုင်ဆိုင်ထားတဲ့ ပိုင်တံခွန်က သူ့ရဲ့အောင်မြင်မှုအပေါ် ထောင်လွှားခြင်းမရှိပဲ ရိုးကုတ်သူတစ်ယောက်ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ပိုင်တံခွန်က ပြီးခဲ့တဲ့ ရက်ပိုင်းက သူတတ်ရောက်ခဲ့တဲ့ Bella Perfume 1st Birthday မှာ သူ့ရဲ့ ပျက်ကွက်မှုတစ်ခုကို “တကယ်ပါ မနေ့က ခေါင်းတောင်မဖြီးနိုင်ဘူး ဒါတောင် ၁ နာရီခွဲ စောထွက်လာတာ ရေကြီးကားပိတ်ပြီး live နောက်ကျမှာ စိတ်ပူပြီး ဂူဂူဂါဂါ ရောက်လာတာ စောင့်နေရတဲ့ အကို အမ ဆရာတွေ အားလုံး တကယ် အားနာမိပါတယ်ခင်မျာ 🙏 အားနာလို့ ပရိတ်သတ် အမြင် ပေပေစုတ်စုတ်ဖြစ်နေမှာစိုးလို့ ခရီးကလည်း ပမ်းထားတော့” ဆိုပြီး သူ့ရဲ့ ပရိသတ်တွေနဲ့ စီနီယာအစ်ကို၊ အစ်မတွေကိုလည်း တောင်ပန်ထားပါတယ်။
ပိုင်တံခွန်ကတော့ မပြောပလောက်တဲ့ သေးသေးမွှားမွှားလေးတွေကအစ ပရိသတ်တွေနဲ့ စီနီယာအနုပညာရှင်တွေအပေါ် အလေးထားကြောင်း ပြသလာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Paing Takhon’s fb