“ဒီကနေ့မှာ အသက် (၂၇)နှစ်ပြည့်သွားပြီဆိုတဲ့ ပရိသတ်တွေရဲ့ အချစ်တော် အေသင်ချိုဆွေ”..





unicode

နာမည်ကျော်အဆိုတော်မလေး အေသင်ချိုဆွေကို ပရိသတ်တွေက ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ အေသင်ချိုဆွေကတော့ အသံနဲ့လိုက်ဖက်တဲ့ အလွမ်းအဆွေးသီချင်းတွေကို သီဆိုလေ့ရှိတာကြောင့် ဂီတလောကမှာ အောင်မြင်နေတဲ့အဆိုတော်တစ်လက်ပါပဲနော်။ သူမရဲ့ထွက်ရှိသမျှသီချင်းတိုင်းဟာဆိုရင် လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့သီချင်းတွေပဲဖြစ်ပါတယ်။

အေသင်ချိုဆွေကတော့ ချစ်စရာကောင်းလွန်းတဲ့သမီးချောလေး ကို ပြုစုပျိုးထောင်ရင်းသာယာတဲ့ နေ့ရက်လေးတွေကို ဖြတ်သန်းလျက်ရှိပါတယ်။ သူမသမီးလေးနဲ့အတူ အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိတဲ့သူတစ်ဦးပါပဲနော်။ သြဂုတ်လ(၁)ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့မွေးနေ့လေးမှာ “မွေးနေ့ မနက်ခင်းလေး လူဖြစ်ခွင့် ရှင်သန်ခွင့်ပေးခဲ့တဲ့ မေကြီးနဲ့ ဖေကြီးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်Happy Birthday to me”လို့ဆိုပြီး အသက်(၂၇)နှစ်ပြည့်မွေးနေ့လေးဖြစ်ကြောင်းကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်တာပဲဖြစ်ပါတယ်။

ပရိသတ်တွေအတွက် အေသင်ချိုဆွေရဲ့ အသက်(၂၇)နှစ်ပြည့်သွားတဲ့အထိ လူဖြစ်ခွင်ရှင်သန်ပေးခဲ့တဲ့ မိဘတွေကို ကျေးဇူးတင်ကြောင်းရေးသားတာလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Soure… Athen Cho Swe’s Facebook