….တစ်နေ့ တစ်နေ့ ဘာဟင်းချက် ရမလဲ ဆိုပြီး ခေါင်းမ ကေိုက်ရအောင် တစ်လစာ ချက်ပြုတ် နိုင်ရန် အရသာ ရှိသော ဟင်းအစပ် တွဲများ ……..

အရသာရှိသော ဟင်း အစပ်တွဲများ

အိမ်ရှင်မတို့ရေ…

တစ်နေ့ တစ်နေ့ မနက် မိုးလင်းတိုင်း ဒီနေ့ငါဘာဟင်းချက်ရင် ကောင်းမလဲ ဆိုပြီး ခေါင်းတွေ ကိုက်နေကြပြီလား…

ဒီလိုမဖြစ်အောင် မင်မင်က တစ်လ အတွင်း တစ်မျိုးနဲ့ တစ်မျိုး မထပ်ပဲ ချက်လို့ရနိုင်မယ့် ဟင်းအတွဲ အစပ်လေးတွေကို ပြောပြပေးပါ့မယ်နော်…

(၁) ဝက်သားနဲ့ငရုတ်သီးကြော် + ချဉ်ပေါင်းဟင်း

(၂) ကြက်သားနဲ့အာလူးချက် + ငြုပ်သီးထောင်း

(၃) ငါးကျီးကြော် + ပဲနီလေးဟင်းချို + ပုဇွန်ချဉ်သုပ်

(၄) သုံးထပ်သား နဲ့မှို အချိုပေါင်း + မုန်လာဥ ချဉ်ဟင်း + ပဲပင်ပေါက်အစပ်ကြော်

(၅) ကြက်ပဲ + အာပြဲခြောက်ကြော်+သရက်သီး သနပ်

(၆) ငါးဆုပ်ဆီပြန်+ ပဲပြုတ်နဲ့မျှစ် နဲ့ကြော်+ ဘူးညွန့်ကြော်ချက်

(၇) သုံးထပ်သားအချိုချက် + ပန်းပွင့်ကြော် + ပဲနီလေးဟင်းချို

(၈) ကြက်သားနဲ့ ပဲနဲ့ + ဂေါ်ဖီပန်းပွင့်ကြော်

(၉) ကြက်တောင်ပံကြော် + ပဲငါးပိချက် + မြင်းခွာရွက်ဟင်းချို

(၁၀) ငါးကြင်းကြော် + ပုဇွန်ချဉ်သုပ် + ပဲနီလေးဟင်းချို

(၁၁) ငါးကျည်ကြော် + ချဉ်ပေါင်နဲ့ မျှစ်အရည်သောက်

(၁၂) ကြက်သားနဲ့ ဗူးသီး ကာလသားချက် + မျှစ်ကြော် + ငါးရံ့ခြောက်ဖုတ်

(၁၃) ကြက်ဥ နဲ့ အာလူး အစပ်ကြော် + ကန်ဇွန်းရွက်ချဉ်ရည် +ပဲသီးကြော်

(၁၄) ပုဇွန်ထုပ်ဆီပြန် + ဂေါ်ဖီပန်းပွင့်ကြော် + ကြက်ဥ အစပ်ဟင်းချို

(၁၅) ငါးကြင်းကြော်နှပ် + သီးစုံချဉ်ဟင်း

(၁၆) ကြက်သားဆီပြန်+ငါးပိထောင်း + ပဲကြီးနဲ့ဆူးပုတ်ဟင်းချို

(၁၇) ဝက်သားပဲငါးပိချက် + မှိုနဲ့ကန်ဇွန်းရွက်ကြော် + ကြက်ခြေထောက်ချဉ်စပ် ဟင်းချို

(၁၈) ငါးမုတ်ကြော် + ခရမ်းချဉ်သီးငါးပိချက် + အစိမ်းကြော်ကြက်သားနဲ့ခွေးတောက်ရွက် ဟင်းချို

(၁၉) ငါးပုဏ္ဏားဆီပြန် +ပဲနီလေးဟင်းချို + ငံပြာရည်နဲ့တို့စရာ

(၂၀) ကြက်တောင်ပံကြော် + ပုန်းရည်ကြီးသုပ်+ ကြက်ခြေထောက်ဟင်းချို

(၂၁) ငါးဘတ်ငါးပိကောင်ဆီပြန်+ ခရမ်းသီးနှပ် + ပဲကြီးဟင်းချို

(၂၂) ကြက်အသဲအမြစ်အချိုချက် + ပုဇွန်ချဉ်သုပ် +ကြက်ဥသီးစုံဟင်း

(၂၃) သုံးထပ်သားဆီပြန် + ရုံးပတီသီးနှပ် + မြင်းခွာရွက် သုပ်

(၂၄) ပုဇွန်အစပ်ကြော်+ ပဲကြီးနဲ့ဆူးပုတ်နှပ်

(၂၅) ဝက်သားနဲ့ဒညင်းသီးဆီပြန် + ကန်ဇွန်းရွက်ချဉ်ရည်ဟင်း + ငရုတ်သီးဆားထောင်း

(၂၆) ငါးကြင်းဗိုက်သား ဆီပြန် + မြင်းခွာရွက်သုပ် +ငါးပိထောင်းတို့စရာ နဲ့ မုန်လာဥချဉ်ဟင်း

(၂၇) ငါးမွှေ + ပုဇွန်ချဉ်သုပ် + ကြက်ဥသီးစုံချဉ်ဟင်း

(၂၈) ပုဇွန်ထုပ်ဆီပြန် + မရမ်းသီးငါးပိကြော် + ဆေးဘဲဥသုပ်

(၂၉) ကြက်သား အာလူးဆီပြန် + ဗူးညွန့်ဟင်းခါး၊ တို့စရာ

(၃၀) ဝက်နံရိုးမျှစ်ချဉ် + ငါးပိထောင်း +ပြောင်းဖူးကြော်

ကဲ … ဒါဆို တစ်လစာအတွက် ဘာဟင်းတွေ ချက်ရ မလဲ စိတ်ပူစရာ မလိုတော့ဘူးနော်… ဒါကြောင့် ဒီ Post လေးကို သိမ်းထားလိုက်တော့နော်။