မြို့စောင့်နတ်စင်ကြီးကိုဝင်တိုက်တဲ့ကားကြောင့် ကန်ထရိုက်များပျော်နေကြပြီ …..

ထိုင်းနိုင်ငံ နခွန်ရတ်ခ်ျစီမာခရိုင် လမ်ထမဲန်းချိုင်းမြို့” နောင်ဘိုးဝါးအဝိုင်း ” မြို့လယ်ခေါင်က မြို့စောင့်နတ်စင်ကြီးကို ဇူလိုင်လ ၃၁ ရက်နေ့ည ၂၃:၁၈ မိနစ်အချိန်က ပစ်ကပ်ကားတစ်စီး ယာဉ်အမှတ် ยต .1664 นครราชสีมา ယာဉ်မှာ ရုတ်တရက်ဦးခိုက်ပူဇော်တိုက်ချက်ကြောင့် မြင်ကွင်းကတော့ပုံမှာမြင်ရတဲ့အတိုင်းပါဘဲ.. နတ်ဘုံပျောက်ကိန်းဆိုက်သွားပါတယ်..

ဘယ်လိုများမောင်းလာသလဲတော့မသိဘူး ၊ ယာဉ်ပေါ် ၂ ဦးကတော့ ပြင်းထန်စွာဒဏ်ရာရရှိပြီး ကယ်ဆယ်ရေးအဖွဲ့တွေကအမြန်ဆုံးဆေးရုံကိုပို့လိုက်ကြပါတယ်..

ကံကောင်းထောက်မစွာ မြို့စောင့်နတ်မင်းကြီးကစီးတော်ကျားကြီးနဲ့ စကီလေးတွေရှိရာ ကရာအိုကေမှာ သွားကဲနေ၍ လွတ်မြောက်သွားပေမယ့်လည်း နတ်ဘုံနတ်နန်းမှာပျက်စီးသွားတဲ့အတွက် ခြေသလုံးအိမ်တိုင်ဖြစ်နေရရှာပါတယ်.

မြို့တော်ဝန်ကတော့မြို့မိမြို့ဖများနဲ့တိုင်ပင်ပြီး အမြန်ဆုံး ခေတ်မှီဒီဇိုင်းအဆန်းဖြင့်ပြန်လည်ဆန်းသစ်မှုနဲ့အတူ နတ်ဘုံနတ်နန်းတစ်ခုအစားထိုးဆောက်လုပ်သွားရန် ကန်ထရိုက်တစ်ဦးရွေးချယ်သွားမယ်လို့သိရှိရပါတယ်..

လောလောဆယ်တော့ အဲ့ဒီနတ်မင်းဘယ်နားမှာ သွားဥနေမလဲမသိဘူးနော်

Photo Crd

SiThuMaung