မွေးနေ့ကုသိုလ်အဖြစ် ရွှေသံလွင်ဘိုးဘွားရိပ်သာမှာ တစ်နေ့စာအာဟာရဒါနပြုရင်း အလှူလေးပြုလုပ်ခဲ့တဲ့ ဝင့်ယမုံနိုင်..

ပရိသတ်တွေက မိုမိုလို့ ချစ်စနိုးလေးခေါ်ကြတဲ့ မင်းသမီးချော ဝင့်ယမုံနိုင်ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုကို ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဝင့်ယမုံနိုင်ကလည်း ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့ ပုံမှန်လေး လုပ်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း ဝင့်ယမုံနိုင်က ဇာတ်လမ်းတွဲအသစ်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

မနေ့က သြဂုတ်လ (၁) ရက်နေ့ကတော့ ဝင့်ယမုံနိုင်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဝင့်ယမုံနိုင်က သူမရဲ့ မွေးနေ့လေးမှာ ပရိသတ်တွေအတွက် အသုံးအဆောင်ပစ္စည်းတွေမဲဖောက်ပေးခဲ့သလို အလှူအတန်းတွေလည်း ပြုလုပ်ပေးခဲ့ပါတယ်။ ဝင့်ယမုံနိုင်က မွေးနေ့အလှူအဖြစ် ရန်ကုန်မြို့ရှိ ရွှေသံလွင်ဘိုးဘွားရိပ်သာမှာ တစ်နေ့စာ အာဟာရဒါနအဖြစ် ကျပ် (၂၉၅၀၀၀) ကျပ်တိတိကို လှူဒါန်း ကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်။

ဝင့်ယမုံနိုင်ကတော့ သူမရဲ့မွေးနေ့လေးမှာ အကျိုးရှိစေမယ့် ကုသိုလ်လေးတွေပြုလုပ်ရင်း ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝင့်ယမုံနိုင်ရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: ရွှေသံလွင်ဘိုးဘွားရိပ်သာ’s fb