…သိန်းထီဆုကြီး ပေါက်ခဲ့တဲ့အပြင် လက်ဆောင်တွေ အများကြီးပါရခဲ့လို့ အတိုင်းမသိ ပျော်နေရှာတဲ့ မိုးဟေကို ……

အနုပညာအလုပ်တွေကို အချိန်အတော်ကြာ ရပ်နားထားခဲ့ပြီး မကြာခင်ကမှ အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို ပြန်လည်လုပ်ဆောင်နေသူလေးကတော့ ပရိသတ်တွေအားလုံး ချစ်ခင်အားပေးကြတဲ့ မင်းသမီးချော မိုးဟေကိုပဲ ဖြစ်ပါတယ်နော်..။မိုးကတော့ သရုပ်ဆောင်ကောင်းသလို

ကျော့ရှင်းတဲ့အလှတရားတွေနဲ့ သူမတူတဲ့ကိုယ်ပိုင်ဟန်ပန်လေးတွေအပြင် အနေအေးဆေးပြီး အချိုးအစားပြေပြစ်တဲ့ ခန္ဓာကိုယ်အလှတရားတွေကြောင့်လည်း ပရိသတ်တွေကြား အမြဲရေပန်းစားအောင်မြင်ခဲ့သူလေးဆိုလည်း မမှားပါဘူးနော်..။

ပရိသတ်အချစ်တော်လေး မိုးဟေကိုကတော့ ယခုသြဂုတ် (၁)ရက်နေ့က ထွက်ရှိခဲ့တဲ့ အောင်ဘာလေသိန်းထီဆုကြီးမှာ ထီပေါက်ခဲ့ပြီး သြဂုတ်လလေးကို

ကံကောင်းခြင်းတွေနဲ့ စတင်လိုက်ပါတယ်နော်.. ။အောင်ဘာလေသိန်းထီဆုကြီး ပေါက်တဲ့အပြင် လက်ဆောင်တွေလည်း ရလို့ မိုးတစ်ယောက် အရမ်းကိုပျော်နေပြီး သူမရဲ့အပျော်လေးတွေကိုလည်း ပရိသတ်တွေကို ဝေမျှထားပါသေးတယ်နော်..။”

ဒီနေ့ထီလည်းပေါက် လက်ဆောင်တွေလည်း အများကြီးရတော့ ကံကောင်းတဲ့နေ့လေးပေါ့ ကံကောင်းခြင်းတွေ ရှင်တို့လေးတွေကိုလည်း

ရပါစေလို့ ဆုတောင်းပါတယ်..” ဆိုပြီး သြဂုတ်လ(၁)ရက်နေ့က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားပြောပြထားပြီး သူမရဲ့အပျော်လေးတွေနဲ့ထပ်တူ ပရိသတ်တွေအတွက်လည်း မိုးက ဆုတောင်းစကားလေး ဆိုထားပါသေးတယ်နော်..။

ကဲ.. ပရိသတ်ကြီးရေ.. ထီးလည်းပေါက် လက်ဆောင်တွေလည်း ရပြီး သြဂုတ်လလေးကို အပျော်လေးတွေနဲ့ စတင်လိုက်တဲ့ မိုးရဲ့အပျော်လေးတွေက ပရိသတ်တွေကိုလည်း ကူးစက်စေကြမယ်လို့ မျှော်လင့်ပါတယ်နော်..။

Read in UNICODE

အနုပညာအလုပ်တွေကို အချိန်အတော်ကြာ ရပ်နားထားခဲ့ပြီး မကြာခင်ကမှ အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို ပြန်လည်လုပ်ဆောင်နေသူလေးကတော့ ပရိသတ်တွေအားလုံး ချစ်ခင်အားပေးကြတဲ့ မင်းသမီးချော မိုးဟေကိုပဲ ဖြစ်ပါတယ်နော်..။မိုးကတော့ သရုပ်ဆောင်ကောင်းသလို

ကျော့ရှင်းတဲ့အလှတရားတွေနဲ့ သူမတူတဲ့ကိုယ်ပိုင်ဟန်ပန်လေးတွေအပြင် အနေအေးဆေးပြီး အချိုးအစားပြေပြစ်တဲ့ ခန္ဓာကိုယ်အလှတရားတွေကြောင့်လည်း ပရိသတ်တွေကြား အမြဲရေပန်းစားအောင်မြင်ခဲ့သူလေးဆိုလည်း မမှားပါဘူးနော်..။ပရိသတ်အချစ်တော်လေး မိုးဟေကိုကတော့ ယခုသြဂုတ် (၁)ရက်နေ့က ထွက်ရှိခဲ့တဲ့ အောင်ဘာလေသိန်းထီဆုကြီးမှာ ထီပေါက်ခဲ့ပြီး သြဂုတ်လလေးကို

ကံကောင်းခြင်းတွေနဲ့ စတင်လိုက်ပါတယ်နော်.. ။အောင်ဘာလေသိန်းထီဆုကြီး ပေါက်တဲ့အပြင် လက်ဆောင်တွေလည်း ရလို့ မိုးတစ်ယောက် အရမ်းကိုပျော်နေပြီး သူမရဲ့အပျော်လေးတွေကိုလည်း ပရိသတ်တွေကို ဝေမျှထားပါသေးတယ်နော်..။”ဒီနေ့ထီလည်းပေါက် လက်ဆောင်တွေလည်း အများကြီးရတော့ ကံကောင်းတဲ့နေ့လေးပေါ့ ကံကောင်းခြင်းတွေ ရှင်တို့လေးတွေကိုလည်း

ရပါစေလို့ ဆုတောင်းပါတယ်..” ဆိုပြီး သြဂုတ်လ(၁)ရက်နေ့က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားပြောပြထားပြီး သူမရဲ့အပျော်လေးတွေနဲ့ထပ်တူ ပရိသတ်တွေအတွက်လည်း မိုးက ဆုတောင်းစကားလေး ဆိုထားပါသေးတယ်နော်..။

ကဲ.. ပရိသတ်ကြီးရေ.. ထီးလည်းပေါက် လက်ဆောင်တွေလည်း ရပြီး သြဂုတ်လလေးကို အပျော်လေးတွေနဲ့ စတင်လိုက်တဲ့ မိုးရဲ့အပျော်လေးတွေက ပရိသတ်တွေကိုလည်း ကူးစက်စေကြမယ်လို့ မျှော်လင့်ပါတယ်နော်..။

Source : Moe Hay Ko’s Instagram | Reference & Cedit : Myanmarload